ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး

Inya Institute အနေနှင့် အကြီးစား ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေး လုပ်ငန်းများကို ထောက်ပံ့ကူညီပေးရန်သာမက ၎င်းအားသန်ရာ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကိုပါ ကိုယ် တိုင်ကိုယ်ကျ လုပ်ဆောင်ရန် အစီအစဉ်ရှိသည်။ ​တိုင်းပြည်အမွေအနှစ် တန်ဖိုး ကို ဒေသခံလူထုမှ ပိုမို၍ တန်ဖိုးထား နားလည်လာကြစေရန်အတွက် ၎င်းစီမံ ကိန်းများတွင် သက်ဆိုင်ရာ ရပ်ရွာအစုအဖွဲ့၏ ပူးပေါင်းပါဝင်မှု အများဆုံးရရှိ အောင် ပြုလုပ်ပြီး၊ တတ်နိုင်သ​ရွေ့ ယဉ်ကျေးမှုပေါင်းစုံသော ပတ်ဝန်းကျင်တွင် လုပ်ငန်း အကောင်အထည်ဖော်သည်။

အဖွဲ့ဝင်များသည် မြန်မာပြည် လေ့လာရေး နယ်ပယ်တွင် ကျွမ်းကျင်ပိုင်နိုင်မှုနှင့် အတွေ့အကြုံ မြောက်မြားစွာရှိပြီး အချို့လည်း ရန်ကုန်တွင် အခြေချနေထိုင်ကြ သည်ဖြစ်၍ နိုင်ငံတကာမှ လုပ်ဆောင်သော ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်းများတွင် Inya Institute မှ သိပ္ပံနည်းကျ လမ်းညွှန် ချက်များ ပေးလေ့ရှိပါသည်။

လုပ်ဆောင်ခဲ့ပြီးသည့် ထိန်းသိမ်းစောင့်ရှောက် ရေးနှင့် လေ့ကျင့်ရေး အလုပ်ရုံ ဆွေးနွေးပွဲများ

လက်ရေးစာများ ဒစ်ဂျစ်တယ်ရိုက်ကူးခြင်းနှင့် ကတ်တလောက် ပြုလုပ်ခြင်း – ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ  ၂၇ မှ မတ်လ ၃ ရက်နေ့အထိ လက်ရေးစာ ဒစ်ဂျယ်တယ် ရိုက်ကူး ခြင်းနှင့် ကတ်တလောက် ပြုလုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို Inya Institute မှ လက်ခံ ကြီးကြပ်ပေးခဲ့ပါသည်။ ဗြိတိသျှ စာကြည့်တိုက် ရှားပါးမော်ကွန်းများ စုဆောင်းထိန်းသိမ်းရေး အစီအစဉ်မှ ဘဏ္ဍာငွေထောက်ပံ့ သည့် အထက်မြန်မာပြည် ကျေးလက်တောရွာများမှ ဘုန်းကြီးကျောင်း လက်ရေးစာမူများ စစ်တမ်းကောက်ယူရေးနှင့် စုဆောင်းထိန်းသိမ်းရေးများ ပါဝင်သည့် တစ်နှစ်ကြာ သုတေသနလုပ်ငန်းစဉ်၏ တစိတ်တဒေသ အနေဖြင့် အဆိုပါ ငါးရက်ကြာ သင်တန်းအား ပို့ချပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းတွင် ရန်ကုန် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှ စာကြည့်တိုက်မှူးတစ်ချို့အား တက် ရောက်စေခဲ့ပါသည်။

လက်ရှိ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်

ကျွန်းသားကျောင်းများ ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်း ကမ္ဘာတစ်လွှားရှိ ရှေးဟောင်း သမိုင်းဝင်နေရာများ ထိန်းသိမ်းစောင့်ရှောက်ရေးကို ဇောက်ချလုပ်ကိုင်လျက်ရှိသောနယူး ယောက်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် World Monument Fund (WMF) သည် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်လွတ်ကင်းခဲ့သည့် တော်ဝင်သစ် သားကျောင်းဟောင်း တစ်ဆောင်ဖြစ်သည့် မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်း မွမ်းမံထိန်းသိမ်းရေးအတွက် အမေရိကန် သံအမတ်ကြီး၏ ယဉ်ကျေးမှုဆိုင်ရာ ထိန်းသိမ်းရေး ရန်ပုံငွေထောက်ပံ့မှုကို ၂၀၁၃ ဇူလိုင်လအတွင်းက ပေးအပ်ခြင်း ခံခဲ့ရပါသည်။

WMF ၏ မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်လုပ်ဆောင်သည့် အဆိုပါ နိုင်ငံ တကာ ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းတွင် Inya Institute က လက်ရှိ   နည်းပညာပိုင်း အကြံပေးတာဝန်ကို ယူထားပါသည်။ ရွှေနန်းတော်ကျောင်းအဆောက်အအုံပိုင်းတွင် ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့သော အချင်းအရာများအကြောင်း သမိုင်းဖြစ်စဉ်တစ်ရပ်နှင့်၊ မွမ်းမံထိန်းသိမ်းရေး စီမံကိန်း မည်သည့် အကျိုးစီးပွားဖက်များ၊ အကျိုးကျေးဇူးခံ အစုအဖွဲ့များ တိုက်ရိုက်ပါဝင်သည်၊  မပါဝင်သည်ကို ဖော်ပြသည့်ယဉ်ကျေးမှုမြေပုံ အကြံပြုချက်တစ်ရပ်တို့အား Inya Institute မှ ပြုလုပ်ပေးခဲ့ပါသည်။ လက်ရှိ ထိန်းသိမ်းရေး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျှက်ရှိကြသည့် ဒေသခံ လက်သမားဆရာများနှင့် ပန်းပု ဆရာများ ရှာဖွေပေးရာတွင်လည်း Inya Institute သည် အခရာကျသည့် နေရာမှ ပါဝင်ခဲ့ပါသည်။

စီမံကိန်းမှ လုပ်ဆောင်သည့် သုတေသနနှင့် သင်တန်းများအတွက် ဘဏ္ဍာငွေ လျှောက်လွှာများကိုလည်း Inya Institute မှ ရေးသားပေးခဲ့သည်။ ယင်း လျှောက်လွှာများထဲမှ တစ်စောင်ကြောင့် နိုင်ငံတကာ သစ်ယဥ်ကျေးမှုအဖွဲ့အစည်းမှ ထောက်ပံ့ငွေကို ၂၀၁၄ ခုနစ်တွင် ရရှိခဲ့သည်။

အခြားသတင်း အချက်အလက်များ ရယူလိုပါက contact@inyainstitute.org အား ဆက်သွယ်မေးမြန်းနိုင် ပါသည်။