အစည်းအဝေးနှင့် ဝန်ဆောင်မှု

၁၃ ကြိမ်မြောက် International Burma Studies ကွန်ဖရင့်ကို သြဂုတ်လ ၃-၅၊ ၂၀၁၈ ခုနှစ်တွင် Center of Burma Studies, Northern Illinois တက္ကသိုလ်၊ Inya Institute ကွန်ဖရင့်ပူးပေါင်းကျင်းပသောအဖွဲ့ တို့နှင့်အတူ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။ ဖတ်ကြားခဲ့မည့် အကြောင်းအရာမှာ – Distant Past(s), Latest News: Scholarly Insights on Myanmar/Burma ဖြစ်ပါသည်။

ကွန်ဖရင့်အစီအစဉ်တွင် ပါဝင်မည့်သူများ၏ ခေါင်းစဉ်အကြောင်းအရာများအရ ကွဲပြားသော အကြောင်းအရာများပါဝင်နေပါသည်။ ရှေးဟောင်းသုတေသနပညာ၊ မနုဿဗေဒ၊ စီးပွားရေး၊ သဘာ၀ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအကြောင်းအရာ၊ ပထ၀ီဝင်ပညာ၊ သမိုင်းပညာ၊ နိုင်ငံရေးသိပ္ပံ၊ လူမှုဗေဒ၊ စသော အကြောင်းအရာအစုံ ပါဝင်ပါသည်။

လူဦးရေ ၃၀၀ နီးပါး တက်ရောက်ခဲ့ကာ၊ panel ဆွေးနွေးပွဲခြောက်ခု တစ်ပြိုင်နက်တည်း ကျင်းပခဲ့သော အကြီးဆုံး (Burma Studies Conference)စာတမ်းဖတ်ကြားပွဲ ဖြစ်သည်။

အကြောင်းအရာနှင့် စာတမ်းဖတ်ကြားမည့် အစီအစဉ်ကို အောက်ပါ လင့်တွင် ကြည့်ရှုနိုင်ပါသည်။

13ibsc2018.weebly.com/panels.html

စာတမ်းအကြောင်းအရာအကျဉ်းချုပ်များကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။

13ibsc2018.weebly.com/abstracts.html

Inya Institute သည် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည့် အားလျှော်စွာ အစည်းအဝေးပွဲများ၊ တွေ့ဆုံပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကြီးကြပ်ရာ တွင် ကောင်းစွာကူညီဝန်ဆောင်မှုပေးနိုင်ပါသည်။ ရန်ကုန်မြို့တွင် ပို့ဆောင်ရေး လုပ်ငန်းပိုင်းသည် များမြောင်ရှုပ်ထွေးနိုင်သည့်အလျှောက် အခန်းငှားခြင်း၊ တည်းခိုခန်းများ ကြိုတင်စီစဉ်ထားပေးခြင်း၊ အခမ်းအနားအတွက် စားသောက်ဖွယ်ရာများ ပြင်ဆင်ပေးခြင်းနှင့် အခြားအခြားသော နိုင်ငံရပ်ခြားမှ လုပ်ဆောင် ရန် မလွယ်ကူသည့် ကိစ္စရပ်များကို Inya Institute မှ တာဝန်ယူဆောင်ရွက်ပေးနိုင်ပါသည်။

အကယ်၍ လူကြီးမင်းအနေနှင့် နိုင်ငံတကာ တက္ကသိုလ်၊ အဆင့်မြင့် ပညာရေး အဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေးရံပုံငွေအသင်း၊ ယဉ် ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုကို ကိုယ်စားပြုပြီး အထက်ဖော်ပြပါ လုပ်ငန်းဆောင်တာများ ရန်ုကုန်မြို့တွင် ဆောင်ရွက်ရန်လိုအပ်ပါက contact@inyainstitute.org သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါသည်။