သင်တန်းပေးလေ့ကျင့်ရေး

သင်တန်းပေးလေ့ကျင့်ရေးနှင့် ပတ်သက်ပြီး Inya Institute ၏ရည်ရွယ်ချက်မှာ မြန်မာနိုင်င်ငံ၏အကြောင်း သုတေသနလုပ်ဆောင်ရန် စိတ်ဝင်စားသူများ၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနှင့် နည်းလမ်းဥပဒေသဆိုင်ရာ အရည်အသွေးများ တိုးတက်စေရန်ဖြစ်သည်။ Institute အနေဖြင့် လူမှုရေးဆိုင်ရာ သုတေသနလုပ်ထုံးများ၊ အရေအတွက်စံပြုနှင့် အရေအသွေးစံပြု သုတေသနနည်းလမ်းများအား ယခုတိုင်အောင် အလေးပေးလာကာ၊ နောင်အနာဂတ်တွင် ဖြန့်ကျက်တွေးခေါ်နိုင်စွမ်းရည်နှင့် ဝိဇ္ဇာဘာသာရပ်များပါ အားကောင်းလာစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ Instituteမှု ပို.ချသော လေ့ကျင့်မှုများတွင် ကျောင်းသားများ၊ ပြည်တွင်းအဖွဲ့အစည်းများတွင် အလုပ် လုပ်ကိုင်လျက်ရရှိသောသူများနှင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း နှင့် စဉ်းစားနိုင်မှုစွမ်းရည် တိုးတက်လိုသူများ ပါဝင်ပါသည်။

လူမှုသုတေသန နည်းနိဿယများ လေ့ကျင့်သင်ကြားပေးရေး နှင့် ပညာရည် ပြည့်ဝလာစေရေး

လူမှုသိပ္ပံနှင့်ဝိဇ္ဇာ ဘာသာရပ် နည်းနိဿယပိုင်းတွင် အလားအလာရှိသော လူငယ်သုတေသီများအား လေ့ကျင့်သင်ကြားပေးရန်အတွက် Inya Institute မှ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးလေ့ရှိပါသည်။ [သင်တန်းသား ရွေးချယ်ရာတွင်] မြန်မာနိုင်ငံအတွင်းမှ သုတေသနသင်တန်းသား အနည်းငယ်စီကို ၎င်းတို့၏ သုတေသန လုပ်ငန်းလုပ်ကိုင်ရန် စိတ်ပါဝင်စားမှုအလိုက် ရွေးချယ်ပါ သည်။ ပညာရပ်ဆိုင်ရာ လေ့ကျင့်သင်ကြားခဲ့ဖူးသည့် အတွေ့အကြုံနှင့် သင် တန်းများမှ အထောက်အထားများမှာ အရေးကြီးသည် မှန်သော်လည်း ၎င်းတို့အပေါ်တွင်သာ မူတည်ပြီး ရွေးချယ်သည်မဟုတ်ပါ။ ရွေးချယ်ခံမည့် သင်တန်း သားများ၏ ပညာလိုလားမှုအပေါ်တွင်လည်း အထူးတလည် စဉ်းစားဆုံးဖြတ်ပါသည်။

ယခင်ပြုလုပ်ပြီးစီးခဲ့သည် သုတေသန နည်းနိဿယ သင်တန်းများ

  • လူမှုသုတေသန နည်းနိဿယ မိတ်ဆက်’အလုပ်ရုံဆွေးနွေးပွဲ – အလုပ်ရုံဆွေးနွေးပွဲများအား Local Resource Center, LRC နှင့် ပူးပေါင်းပြီး မော်လမြိုင်မြို့ (ဇွန် ၉-၁၁၊ ၂၀၁၄) နှင့် မန္တလေးမြို့ (ဩဂုတ် ၇-၁၂၊ ၂၀၁၄) တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတစ်ခုစီတိုင်း၏ နောက်ဆက်တွဲအဖြစ် ကြီးကြပ်သူပါရှိသည့် သင်တန်းသားများ ဘုံလုပ်ဆောင်သော သုတေသန ကိစ္စရပ်တစ်ခုစီ ပါဝင်ပါသည်။
  • လူမှုသုတေသန နည်းလမ်းပိုင်းဆိုင်ရာ ဆရာဖြစ်သင်တန်း အလုပ်ရုံဆွေးနွေးပွဲ – UK-DFID/ဗြိတိသျှကောင်စီ ပူးပေါင်းလုပ်ဆောင်ရေး အစီအစဉ်တစ်ရပ်ဖြစ်သည့် ‘ပျိုးပင်’ မှ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် အရပ်ဘက် အဖွဲ့အစည်း၊ အစိုးမရ မဟုတ်သော အဖွဲ့အစည်းများနှင့် သုတေသန အတိုင်ပင်ခံ အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်လျှက် ရှိသော ဝန်ထမ်း (၁၅) ယောက် ပါဝင်သည့် (၆) ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ၂၀၁၃ ခုနှစ် ဩဂုတ်လအတွင်းတွင် ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းသားများကို ရွေးချယ်ရာတွင် ၎င်းတို့ ယခင်ရှိနှင့်ပြီးသား သင်တန်းအတွေ့အကြုံနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများတွင် သင်တန်းဆရာ ဖြစ်လာနိုင်သည့် အရည်အချင်းပေါ် မူတည်ပြီး ရွေးချယ်ပါသည်။

၂၀၁၄ ခုအတွင်း လေးလကြာပြုလုပ်ခဲ့သည် သင်တန်းမှ အတွေ့အကြုံများနှင့်၊ မကြာမြင့်မီက ရေးသားပြီးစီးခဲ့သည့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသုံး လူမှုသုတေသန နည်းလမ်း သင်တန်းလက်စွဲ စာအုပ်ကို သင်ထောက်ကူအနေနှင့် အသုံးပြု၍ အလုပ်ရုံဆွေးနွေးပွဲများတွင် သင်တန်းသားများ အမှန်တကယ် တွေ့ကြုံရသည့် အခြေအနေများကို တင်ပြဆွေးနွေးမှုများ ထည့်သွင်းပြုလုပ်ခဲ့သည်။

တင်ပြဆွေးနွေးမည့် အကြောင်းအရာများနှင့် အကျွမ်းတဝင် ရှိအောင်ပြုလုပ်ထားရန် သင်တန်းသားများအား တစ်ရက်ကြိုတင်၍ မှာကြားထားသည်။ အကြောင်းအရာအားလုံးကို မြန်မာဘာသာဖြင့်သာ တင်ပြဆွေးနွေးပြီး နားမလည်သည့် အပိုင်းကိုလည်း ပိုမို၍ရှင်းလင်းစေရန် တင်ပြသူနှင့် နားထောင်သူ များအကြား ဆွေးနွေးနိုင်သည်။

ဤသို့ ဆွေးနွေးမှုများကို အခြေခံ၍ သင်တန်းလက်စွဲအား ပြင်ဆင်တည်းဖြတ်ပြီး အင်္ဂလိပ်-မြန်မာနှစ်ဘာသာပါ စာအုပ်ကို စီဒီ ဖြင့်ထည့်သွင်းပြီး သင်တန်း သား တစ်ဦးချင်းစီကို ဝေငှပါသည်။ ရည်ရွယ်ရင်းမှာ သင်တန်းသားမှ သင်တန်းဆရာဖြစ်လာသူများသည် ၎င်းတို့ အဖွဲ့အသီးသီးတွင် သက်ဆိုင်ရာ  သင်တန်းများကို တဆင့်ပြန်လည် သင်ကြားပေးခြင်းဖြင့် သုတေသန စွမ်းရည်မြင့်မားလာစေမည် ဖြစ်ပါသည်။

ပါဝါပွိုင့် တင်ပြချက်ပေါင်း ၃၀၊ စာမျက်နှာ အချပ်ရေ စုစုပေါင်း ၅၄၄ ခု ပါဝင်သော သင်တန်းလက်စွဲသည် အလွယ်တကူ ပြန်လည်ပြင်ဆင်ရေးသား၍ ရသည့် သင်ကြားရေး ကိရိယာတစ်ခုလည်း ဖြစ်ပါသည်။ သက်ဆိုင်ရာ ပရိတ်သတ် အမျိုးအစားအလိုက် ချဲ့ထွင် ဖြည့်စွက်၍ ရနိုင်ပါသည်။ နောင်တွင် သင်တန်းဆရာများမှ ၎င်းတို့၏ ထင်မြင်ယူဆချက်နှင့် အတွေ့အကြုံများကို အဆိုပါ သင်ကြားရေး ပစ္စည်းများသို့ ပေါင်းထုပ်ဖြည့်စွက်လာလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။ အောက်တွင် အဆိုပါ သင်တန်းလက်စွဲအား PDF ဖိုင်ဖြင့် တင်ပေးထားပါသည်။ လူမှုသုတေသန နည်းလမ်းနှင့် ပတ်သက်၍ နောင်တွင် သင်တန်းပေးပါကလည်း Inya Institute အနေဖြင့် ၎င်းအား သင်ထောက်ကူ အနေဖြင့် အသုံးပြုသွားမည်ဖြစ်ပါသည်။

အဆိုပါ သင်တန်းလက်စွဲနှင့် ပါဝါပွိုင့် အချပ် ၃၀ အား အသုံးပြုလိုပါက အောက်ပါ အီးမေးလ်မှတဆင့် ဆက်သွယ်တောင်းသူနိုင်ပါသည်။

contact@inyainstitute.org